32 C
Yangon

မုံရွာတွင် ပြည်သူ ၁၀ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွားပြီး လက်ပံတန်း၊ ငှက်သိုက်ကျေးရွာတွင် စစ်တပ်က ရွှေ၊ ငွေများ ဝင်ရောက် လုယက်ကာ ပြည်သူအများအပြားကို ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း မုံရွာမြို့ နယ်၊ ထန်းတောရပ်ကွက်မှ ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က စက် တင်ဘာလ ၂၄ ရက် နေ့ ညဦးပိုင်းမှာပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

မုံရွာမြို့ ထန်းတောရပ်ကွက် ဘောလုံးကွင်းအနီးက လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင် နဲ့ လမ်းဘေးမှာ ထိုင်နေကြတဲ့ လူငယ်တွေကို စစ်တပ်က အိမ်စီးကားနဲ့ ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။

“ထန်းတောထဲက ဆွဲသွားတာ ၁၀ ယောက်အထက်ရှိတယ်ဗျ။ အရက်ဆိုင် က ၃ ယောက်ပါတယ်။ သူတို့က လူငယ်တွေ ရွေးခေါ်တာ၊ လက်ဘက်ရည်ဆိုင်က ဘယ်လောက်ပါတယ် မသိရဘူး၊ခေါ်သွားတာတော့ဟုတ်တယ်။ Wifi မိတဲ့နေရာ ဂိမ်းစုပြီးစော့နေတဲ့ ကလေးက ၄/၅ ယောက် ကားပေါ်တင်ခေါ်သွားတာ”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာမြို့ပေါ် ရပ်ကွက်တွေကို ညစဉ်ပေါ်တာဆွဲဖမ်းစီးနေတာကြောင့်မြို့ခံလူငယ်တွေ စိုးရိမ်သောက ဖြစ်နေကြရပါတယ်။

မုံရွာမြို့ပေါ်ကို စစ်ကောင်စီတပ်က မြို့ထဲရပ်ကွက်တွေထက် မြို့အစွန်ရပ်ကွက်တွေကို ဦးစားပေးပြီး အိမ်ထောင်စုဇယားစစ်တာ၊ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲရပ်ကွက်တွေက သိပ်မတွေ့ရဘူး။ထန်းတောတို့၊ရတနာပုံ အစွန်အဖျား ရပ်ကွက်တွေတို့၊ထန်းတော အင်းစပ်တို့ အဲ့လိုရပ်ကွက်တွေမှာ ဝင် ဆွဲတာများတယ်။မြို့ထဲကို နေ့လည် စစ်ပြီးဖမ်းတာ”လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။

လတ်တလောရရှိထားတဲ့ စာရင်းတွေအရ စက်တင်ဘာလ ၁၇ ရက်နေ့ မုံရွာမြို့ ရတနာပုံ အင်းဇောင်းရပ်ကွက်မှ ပြည်သူ ၅ ဦး၊ စက်တင်ဘာလ ၁၈ရက်နေ့မှာ သလ္လာအမှတ် ၉ ရပ်ကွက်မှ ပြည်သူ ၃ ဦး၊ စက်တင်ဘာလ ၂၃ရက်နေ့မှာ သလ္လာရပ်ကွက် အရက်ဆိုင်မှ ပြည်သူ ၇ ဦး ကို စစ်ကောင်စီတပ်ကပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၅ ရက်နေ့ ပဲခူးတိုင်း၊ လက်ပံတန်း မြို့နယ် ဆင်တလင်း ကျေးရွာအုပ်စု ငှက်သိုက်ကျေးရွာသို့ အကြမ်းဖက် စစ်တပ်က ဝင်ရောက်လာပြီး နေအိမ်မှာရှိတဲ့ အဖိုးတန် ရွှေ၊ ငွေတွေကို လုယက်တာ ရွာသားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားသူတွေကတော့ ဦးကြည်လွင်၊ ဒေါ်တင်တင်ဦး၊ ဒေါ်ညိုရှင်တို့ ဖြစ်ပြီး သူတို့ကို လက်ပံတန်းရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ငှက်သိုက်ကျေးရွာ အတွင်းနေထိုင်သော ကျေးရွာ သားများကို ဖမ်းဆီးခေါ်သွားပြီး အိမ်ထဲမှာရှိတဲ့ ရွှေ ငွေ များကို အကြမ်း ဖက် စစ်သားတွေ ဝင်ရောက် ယူဆောင် သွားပါတယ်။ အဖမ်းခံရတဲ့ ဦးကြည်လွင် ၊ဒေါ်တင်တင်ဦး ၊ဒေါ်ညိုရှင် တို့အားလုံးကို လက်ပံတန်းမြို့နယ် ရဲစခန်းဆီကို ခေါ်ဆောင်သွားပါတယ်။ အခုချိန်ထိ ပြန်ပြီး လွတ်မပေးပါဘူး။ ဘာလို့ ဖမ်းသွားမှန်းလဲလည်း မသိပါဘူး။ ကျေးရွာ အတွင်း ဆက်သွယ် ထားတဲ့ လမ်းတွေကို လုံး၀ ဖြတ်သန်းခွင့်မပြုတော့ပါဘူး” လို့ ဒေသပြည်သူတစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ – မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန် စစ်ဆေးမှုများ လုပ်ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန် စစ်ဆေးမှုများ လုပ်ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article