32 C
Yangon

ချီဗွေမြို့ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန် စခန်းဖြစ်သော ဗျူဟာကုန်းကိုပါ KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းမီးလောင်နေ

Must read

ချီဗွေမြို့ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန် စခန်းဖြစ်သော ဗျူဟာကုန်းကိုပါ KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းမီးလောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံး လက်ကျန် စခန်းဖြစ်သော ဗျူဟာကုန်းကိုပါ KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းမီးလောင်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း နှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ချီဗွေမြို့သည် စစ်တပ် ကင်းစင်နယ်မြေ တစ်ခုဖြစ်လာပြီး စစ်စခန်းအားလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများ အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ချီဗွေမြို့ Sold Out ဖြစ်သွားပြီ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဗျူဟာကုန်ကိုပါ သိမ်းလိုက်ပြီ စစ်ခွေး ကင်းစင်သွားပြီ စခန်းအားလုံးကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီ ဖမ်းဆီးရမိတဲ့ စစ်သား အ‌‌ရေအတွက်နဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်အခြေအနေတွေကို စစ်ဆေး အတည်ပြုတာတွေ လုပ်ဆောင်နေပါတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article