26 C
Yangon

လာရှိုးမြို့ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ မိနစ်မှ နံနက် ၁၂ နာရီ ၄၃ မိနစ်အချိန်အထိ လားရှိုးမြို့၊ ရပ် ကွက် ၁၁ ကို စစ်ကောင်စီ၏ လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ စစ်ကောင်စီက ဩဂုတ်လမှ ယခု စက်တင် ဘာလကုန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၁၀ ကြိမ်နီးပါး လုပ်ဆောင်ခဲ့ပြီး လတ်တလော ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့ နံနက်အစောပိုင်း ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးထိခိုက်ခဲ့ကြောင်း သိရှိရသည်။

“ရပ်ကွက် ၁၁ အောင်စေတနာလမ်းထဲ ဗုံးကျတယ်။ ဗုံးကတော့ ၃ ကြိမ်ကျဲသွားတယ်။ နောက်ထပ်လည်း လေယာဉ်က ဝဲနေတော့ အကုန် ဗုံးခိုနိုင်မယ့်နေရာတွေမှာပဲ သွားပြီး စုဝေး နေကြတယ်။ ကိုယ့်အိမ်မှာ သိပ်ပြီး မနေကြတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လားရှိုးမြို့ကို ဩဂုတ်လကုန်မှစတင်၍ ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဒေသခံ ၃ ဦး သေဆုံးကြောင်း၊ တိုက်ပွဲများ ငြိမ်သက်ပြီး ဒေသပြည်သူများ နေရပ် ပြန်လာကြပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြန်လည် စတင်နေချိန်၌ ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ လားရှိုးမြို့ကို ဗုံးကျဲမှုတွင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး လားရှိုးမြို့မစျေးကြီးမှ ဆိုင်ခန်းများ အကြီးအကျယ်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲရာတွင် လားရှိုးမြို့ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးတွင် ပေါင်ချိန်များသောဗုံး တစ်လုံးကြဲချခဲ့ရာ မန်ဆူဟိုတယ်အနီးရှိ မော်တော်ယာဉ်ပြုပြင်ဆိုင်နေရာတစ်ခုလုံး ကို စုတ်ပြတ်သတ်ပျက်စီးသွားစေခဲ့ကြောင်း၊ ကားဝပ်ရှော့ဆိုင် တစ်ခုလုံး ကျပ်သိန်း ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဈေးဆိုင်များလည်း ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ၊ ထို့အတူ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်းတွင်လည်း သိန္နီခရိုင် သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပျက်အစီးများကို မြင်ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article