26 C
Yangon

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူထုစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်

Must read

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူထုစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊စက်တင်ဘာ ၃၀

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာစျေးတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီက လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေးအရရော စစ်ရေးအရပါ အရေးနှိမ့်နေသည့်အချိန်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ထောင်သွင်းအကျဥ်းချပြီး ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ပြည်သူလူထုနှင့် နိုင်ငံတကာကို မြူဆွယ်လှည့်ဖျားမှုသက်သက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများသည် စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီး အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article