26 C
Yangon

နိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် သန်ခေါင်းစာရင်းကောက်ယူရေး စီမံချက်အတွက် စစ်တပ်နှင့် ရဲများက လုံခြုံရေး တင်းကျပ်မည်ဖြစ်ပြီး ပြည်သူ့စစ် နှင့်ပျူစောထီးများပါ ကွင်းဆင်းအဖွဲ့ တွင်ပါဝင်မည်

Must read

နိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် သန်ခေါင်းစာရင်းကောက်ယူရေး စီမံချက်အတွက် စစ်တပ်နှင့် ရဲများက လုံခြုံရေး တင်းကျပ်မည်ဖြစ်ပြီး ပြည်သူ့စစ် နှင့်ပျူစောထီးများပါ ကွင်းဆင်းအဖွဲ့ တွင်ပါဝင်မည်

ရန်ကုန်၊ စက်တင်ဘာ ၃၀

အကြမ်းဖက်စစ်ကောင်စီက မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့စတင်မည့် သန်းခေါင်စာရင်းကောက်ယူရေး စီမံချက်အတွက် အကြမ်းဖက်စစ်တပ်နှင့်ရဲများက လုံခြုံရေး တင်းကျပ်ထားမည်ဖြစ်ပြီး စစ်တပ်က စစ်သင်တန်းပေးထားသည့် ပြည်သူ့စစ်နှင့်ပျူစောထီးများက ကွင်းဆင်းအဖွဲ့များတွင်ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ သန်း ခေါင်စာရင်းများ စတင်ကောက်ယူချိန် မြို့နယ်တိုင်းတွင်ရှိသည့် စစ်တပ် တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများက လှည့်ကင်းများ၊ ပတ်ကင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပျူစောထီးအဖွဲ့များက သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၆ နာရီအချိန် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ စတင်၍ လူဦးရေနှင့် သတင်းအချက်အလက်များကို မေးမြန်း ကောက်ယူကြမည်ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင် ၇ ဦးပါဝင်ကာ မြို့နယ်အဆင့်ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူးများကခေါင်းဆောင်ကာကြီးကြပ်သူအဖြစ်ပါဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တွင် ခေါင်းဆောင်ကြီးကြပ်သူများနှင့်စာရင်းကောက်အဖွဲ့ဝင် များကို ယူနီ ဖောင်း အပြင် အခြားသော အမှတ်အသားများပြု၍ ခွဲခြားထားမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်နှင့် ပျူစောထီးများက လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း စာရင်းကောက်ပြီးသည့်အိမ်များကို သန်းခေါင်စာရင်းကောက်ယူပြီးကြောင်း စတေကာများကပ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ဟိုတယ်၊တည်းခိုခန်း၊ဆေးရုံများတွင် ပါ ကောက် ယူရမည်ဖြစ်ကြောင်း ၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများကို အောက်တိုဘာလ ၁ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သန်းခေါင်စာရင်း ကောက်ယူရေး ကွင်းဆင်းကြသည့်အဖွဲ့များ ကြိုတင် လေ့ကျင့်ကြစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article