26 C
Yangon

လားရှိုးမြို့နယ်၊ မန်နားကျေးရွာနှင့် ကောင်းဆာကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်နားကျေးရွာနှင့် ကောင်းဆာကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်အချိန်တွင် စစ်ကောင်စီ၏ လေယာဉ်များက လားရှိုးမြို့နယ် မန်နားကျေးရွာသို့လည်းကောင်း၊ ည ၁၁ နာရီ ၃၈ မိနစ်အချိန်တွင် လားရှိုးမြို့နယ် ကောင်းဆာကျေးရွာသို့လည်းကောင်း ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူနှင့်ပစ္စည်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

” မနေ့ည ၁၀ နာရီ မထိုးခင်မှာ လားရှိုး မန်နားကျေးရွာကို လေကြောင်းကနေ ဗုံး ၂ လုံးကျဲချတိုက်ခိုက်တယ်။ သိသလောက်တော့ လူထိခိုက်မှုမရှိဘူးလို့ သိရတယ်။ နောက်တစ်ခါ ည ၁၁ နာရီ ၄၀ လောက်မှာ ကောင်းဆာဘက်ကို ဗုံးတွေ ထပ်ကျဲတယ်။ အခုက နေ့တိုင်း ညတိုင်းကျဲနေတော့ လူတွေက လုံခြုံတဲ့နေရာမှာပဲ ဗုံးဒဏ်ရှောင်ရင်း အိပ်ကြတော့ လူအထိအခိုက်တော့ မများတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် လားရှိုးမြို့နယ်ကို လေကြောင်းဖြင့် တိုက်ခိုက်မှု စုစုပေါင်း အကြိမ်ရေ ၁၀ ကြိမ်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယမန်နေ့ နံနက်ပိုင်း စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲမှုများကြောင့် လားရှိုးမြို့ ရပ်ကွက် ၁၁ ဂေါက်ကွင်းအနီးတွင် ပေါက်ကွဲမှုများဖြစ်ပေါ် ခဲ့ပြီး ဗုံးတစ်လုံးမှာ ရပ်ကွက် ၈ မန်ဆူ ဟိုတယ်အနီးတွင် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံတစ်ဦး ဒဏ်ရာအပြင်းအထန်ရကာ အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလစတင်၍ မင်းအောင်လှိုင်က “တန်ပြန်ထိုးစစ်” ဟု ခေါ်သည့် စစ်ဆင်ရေးကို စတင်ခဲ့ပြီး ပြည်သူများ ၏ အသက်နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက် တိုက် ဖြစ်ပွားခဲ့ကြောင်း ၊ထိခိုက်သေဆုံးရသော လူဦးရေမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာကြောင်း၊ လားရှိုးကို စစ်တပ်၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – Sai Oun Ynwa Facebook။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article