26 C
Yangon

ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး

Must read

ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး

ရန်ကုန်၊ အောက်တိုဘာ ၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်း မကွေးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက အသိပေးထုတ်ပြန်လိုက်သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ဆန္ဒမဲပေး ခဲ့ပြီး အစိုးရသစ်အား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မတရား အကြမ်းဖက် အာ ဏာသိမ်းခဲ့သော စစ်ကောင်စီက ယခုတဖန် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားအားထုတ်လာခဲ့ပြီး ထိုသို့ မတရားသည့် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးကို စစ်ကျွန်ဇာတ်သွင်းပြီး အရပ်သားပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များအပြင် အသက် အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေသည့် တိုက်ခိုက်မှုများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက် အုံများပါမကျန် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မုဒိမ်း၊ လူသတ်၊ ပစ္စည်းလုယက်မှုများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပ မည်ဟု ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ၎င်းတို့၏ အာဏာ သက်ဆိုးရှည်စေ ရန် ကြိုးစားအားထုတ်မှုဟု သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က ပြော ကြားသည်။

သို့ဖြစ်ပါ၍ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရန် ရည်ရွယ်ပြီး အိမ်ထောင် စုစာရင်းများ ကောက်ယူရန် ကြိုးစားအားထုတ်နေမှုကို ဝန်းရံပေးကြသူများ၊ ဝိုင်းဝန်းကူညီကြသူများ၊ ပံ့ပိုးအားပေးကြသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ဆောင်ရွက်ပေးသူများအားလုံး (မည် သူ့မဆို) အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအား ပျက် ပြယ်စေရန် အချက်အလက် အမှားများပေးခြင်း၊ ဖုန်းနံပါတ်များ အမှန်မပေးဘဲ ယာယီသုံး ဖုန်းနံပါတ် များ ဖြင့် အစားထိုးပေးခြင်း စသည့် ရွေးကောက်ပွဲ ပျက်စေမည့် နည်းလမ်းပေါင်းစုံကို အသုံးချခြင်း ဖြင့် စစ်ကောင်စီအား ဆက်လက် တော်လှန်ကြပါရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က တိုက်တွန်းထုတ်ပြန်ထားသည်။

အလားလူ မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေး သန်း ခေါင်းစာရင်းကောက်ယူသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကြား ကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အ မည်ရှိသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ ရက်စွဲပါ ကြေ ညာချက် အမှတ် ၁၀/၂၀၂၁ ဖြင့် “အကြမ်းဖက်အုပ်စု”အဖြစ် ကြေညာပြီးဖြစ်ကြောင်း၊ ထို့အပြင် အ မျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကလည်း “အိမ်စောင့်အစိုးရ”ဟု အမည်ရှိ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၃/၂၀၂၁ ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် စစ်ကောင် စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေမည့် ယနေ့ အောက်တိုဘာလ ၁ ရက် နေ့မှစ၍ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲ တာဝန်ခံများအား မကွေးမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စာရင်းကောက်ယူထားမည် ဖြစ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာမှုကို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မကွေးမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မကွေးမြို့နယ် နှင့် ပညာရေးဘုတ်အဖွဲ့ မကွေးမြို့နယ်တို့ ပူးပေါင်းကာ ထုတ်ပြန်ကြေ ညာထား ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article