27 C
Yangon

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သား ကျေးရွာ၊ ကျောက်ဖူးကျေးရွာ၊ ဒိုးနွယ်ကျေးရွာ နှင့် အရှေ့စီးကျေးရွာတို့ကို မြောက်ခရမ်းရွာ၊ ဟံသာ ဝတီ၊ ကျန်သာရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများအတွင်း ဒိုးနွယ်ကျေးရွာရှိ ရုံးအနီး ကျရောက်ပေါက်ကွဲမှု၌ ဒိုးနွယ်ရွာမှ ပြည်သူ ၄ ဦး နှင့် အရှေ့စီးရွာမှ ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ဇွန်လကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ရာ တင်သားကျေးရွာမှ တစ်အိမ်တည်းနေ သားအဖ ၂ ဦးအပါအဝင် ၄ ဦး သေဆုံးကာ ၁၂ ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာ၊ ဖုန်းလိုင်းတွေလည်း မနေ့ကတည်း က ဖြတ်ခံထားရတယ်။ တိုက်ပွဲမရှိပဲ အခုလို မကြာခဏပစ်ခတ်ပါတယ်။ အခုပစ်ခတ်တာက ဒိုးနွယ် ရွာက ၄ ယောက်၊ အရှေ့စီးရွာက ၂ ယောက် ၆ ယောက်ဒဏ်ရာရတယ်။ တစ်ယောက်က စိုးရိမ်ရ တယ်။ ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းကလည်း အခုလို ပစ်တာ၊ တင်သားရွာက ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်အိမ်နဲ့ ၄ ယောက်ထိပြီး သားအဖ ၂ ယောက် သေတယ်၊ အားလုံးပေါင်းရင် ၄ ယောက်သေတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ – ယခုနှစ် မတ်လအတွင်း ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဥ်ခုံကြီးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် မတ်လအတွင်း ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဥ်ခုံကြီးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article