30 C
Yangon

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးလက်နက် ၂ လက်၊ ခဲယမ်းများနှင့် အတူ အလင်း ဝင်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် မြိုင်မြို့မရဲစခန်းမှ အသက် ၃၃ နှစ် အ ရွယ် ရဲတပ်ကြပ် ကျော်လင်းသည် မြိုင် – ပကဖ ထံသို့ ဆက်သွယ်ပြီး G4 သေနတ် ၁ လက်၊ ကျည် ဘောက် ၃ ဘောက်၊ ၎င်းကျည် ၂၄၈ တောင့်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်၊ လက်ပစ်ဗုံးသီး ၂ လုံး စသည့် ပစ္စည်းများ ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မြိုပေါ်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ကွက် သော အားဖြင့် မြိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုသေးဘဲ ရိက္ခာဖြတ်တောက် ဝိုင်းဝန်းပိတ်ဆိုမှုသာ ပြုလုပ်ထားကြောင်း၊ မြို့ကိုသိမ်းပိုက်မည်ဆိုပါက အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ရမ်း သမ်းတိုက်ခိုက်ကာ မြိုပေါ်နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးမည်စိုးရိမ်သဖြင့် ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြိုင်မြိုပေါ် စခန်းအသီးသီးမှ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူလူထု အပေါ် လူမဆန်ပဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော အကြမ်းဖက်စစ် တပ်အား အမြန်စွန့်ခွာ၍ အသက်အသေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းကြရန် မြိုင်ပကဖက ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲ ယမ်းများနှင့်အလင်းဝင်ရောက်လာသူများ ဆုကြေးငွေချီး မြှင့်သွား မည်ဖြစ်ပြီး ၎င်းတို့အလိုဆန္ဒရှိသည့်အတိုင်း မိသားစုများရှိရာသို့ ပိုဆောင်ပေးမည်ဖြစ်ကြောင်း မြိုင်ပကဖက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article