28 C
Yangon

ရေဦးနှင့် ကန့်လလူ မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

Must read

ရေဦးနှင့် ကန့်လလူ မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ကာဘိုးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဦးနှင့် ခင်ဦးမြို့နယ် အစပ်ရှိ မုံတိုင်ပင်စံပြရွာကို ဒရုန်းဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ နေထိုင်သည့်နေအိမ်များကို ဒရုန်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် ကာဘိုးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန့်ဘလူနယ်မြို့နယ်ရှိ ကျီစုကျေးရွာကို ဒရုန်း ၃ စီးဖြင့် ၂ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၅ ဦး ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စက်တင်လာလ အတွင်းကလည်း မုတ်စီရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များနှင့် အမျိုးသမီး အများစု ပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရှိရသည်။

“ကန့်ဘလူနယ် ကာဘိုး စစ်ခွေးအထိုင်ကနေ ကျေးရွာတွေကို နေ့စဥ်ဆိုသလို တိုက်ပွဲဖြစ်မထားဘဲနဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးသီးချ တိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်လာတယ်။ ရေဦးကနေ လက်နက်ကြီးနဲ့ တိုက်ခိုက် ရုံတင်မက အခုလို Drone တွေသုံးပြီး တိုက်ခိုက်လာတာများလာတော့ ကျေးရွာနေ ပြည်သူတွေလည်း တအား စိုးရိမ်ကြောက်လှန့်နေကြရတယ်။ တိုက်ခိုက်ရေး Drone တွေသုံးပြီး တိုက်ခိုက်ခဲ့တာတွေကြောင့် ပြည်သူတွေ တော်တော်စိုးရိမ်နေကျတယ်။ အခုဒဏ်ရာရရှိခဲ့ကြတဲ့ အထဲမှာ ကလေးသူငယ်တွေ လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီးတွေက များပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article