ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်က ကသိုင်းတောင်တိုက်ပွဲမှာ သေသွားပြီလို့ သိထားတဲ့ အကြမ်းဖက် ဇော်မင်းထွန်းရဲ့ အမျိုး ဆိုသူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ မနေ့က ဆိုင်းတောင် Lucky Men ဟိုတယ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲကနေ ထပ်မံ လွတ်မြောက်သွားပြန်တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်တဲ့သူတွေကို လက်နက်ပေါင်း ၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးရရှိထားတယ်လို့ စစ်ကိုင်းတိုင်း ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
- မန္တလေးတိုင်း၊ သာစည်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားတဲ့ ဗိုလ်ချုပ်ရင်ပြင်ကို အကြမ်းဖက် စစ်ကောင်စီက မြေကော်ကားတွေနဲ့ ဖျက်ဆီးပြီး ရုပ်တုကို သယ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
