27 C
Yangon

မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်တွင် သန်းခေါင်စာရင်း ကောက်ယူနေသူများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေသူများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း idiots Column အဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်က မုံရွာမြို့၊ ညောင်ပင်စောင့်အပိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူရန် လာရောက်သည့် ရဲ၊ စစ်သား၊ ကညန ဝန်ထမ်းများနှင့် ကျောင်းဆရာများ ပါဝင်သော အင်အား ၁၀၀ ခန့်ပါ အဖွဲ့ကို ပဒေသာမိုင်း ၅ လုံး ပွိုင့် ၁ ပွိုင့်ဖြင့် နတ်လူထိပ်ပန်ရပ် ကွက်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသော စစ်သားနှင့် ရဲများကို အိမ်စီးကားများဖြင့် မုံရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်ယင်း ၉ စစ်ကြောင်းဖြစ်သည့် idiots Column နှင့် ဘာမထီ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲများက လိုက်လံ ပစ်ခတ်မှုရှိခဲ့သော်လည်း ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article