31 C
Yangon

ရန်ကုန်မြို့တွင် လူငယ်တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင် အပါအဝင် မိသားစုဝင် ၄ ဦး၏ နေအိမ်ကို စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်မြို့တွင် လူငယ်တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင် အပါအဝင် မိသားစုဝင် ၄ ဦး၏ နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ရန်ကုန် သပိတ်အင်အားစုများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းတွင် လူငယ်တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်သော ကိုရှိန်းဝေအောင်သည် သူငယ်ချင်း ၁ ဦးနှင့် ဖုန်းပြောနေစဉ် ၎င်းနေထိုင်ရာ နေရာကို အကြမ်းဖက် စစ်တပ်မှ ဧည့်စာရင်းစစ်မည့်အဖွဲ့ ရောက်ရှိလာပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရှိန်းဝေအောင်၏ အဖေ၊ အမေနှင့် အစ်မ ဖြစ်သူတို့လည်း အဆက်အသွယ် ပြတ်တောက်နေပြီး မိသားစုဝင်များပါ ဖမ်းဆီးခံရသည်ဟု ယူဆနိုင်ကြောင်း၊ ကိုရှိန်းဝေအောင်သည် ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း တစ် ဦးဖြစ်ပြီး ကျောင်းသား၊ လူငယ် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော အကြမ်းမဖက် လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

“ကိုရှိန်းဝေအောင်လည်း မနေ့ညကတည်းက အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးသွားတာ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးခံရတာမျိုးဖြစ်နိုင်တယ်လို့ထင်ပါတယ်။ မိသားစုဝင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးဖြစ်တဲ့အတွက် သူတို့ရဲ့လုံခြုံရေး၊အသက်အန္တရာယ်အတွက် အလွန်အမင်းစိုးရိမ်ပူပါနေပါတယ်” ဟု ရန်ကုန် သပိတ်အင်အားစုမှ လူငယ် တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article