31 C
Yangon

ဘားအံတွင် သန်းခေါင်စာရင်းကောက် အဖွဲ့၏ လုံခြုံရေး စစ်ကားကို RPG ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး၊ ရွှေတောင်တွင်လည်း သန်းခေါင်စာရင်းကောက်အဖွဲ့ကို မိုင်းဆွဲမှု ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့ကို လုံခြုံရေး ယူပေးထားသည့် စစ်တပ်ယာဉ်၁ စီးကို RPG ဖြင့် အနီးကပ်ပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း စစ်ကောင်စီဘက်တော်သား တယ်လီဂရမ်ချန်နယ်များက သတင်းထုတ် ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာ မြောက်ဘက် ၀င်းစိန်ကျေးရွာ၊ ဇေယျာသီရိရပ်ကွက်၊ ၀င်းစိန်ဘုန်းကြီးကျောင်း မုဒ်၀အနီး သန်း ခေါင် စာရင်း ကောက်ခံနေသည့် အဖွဲ့ကို လုံခြုံရေးယူပေးထားသည့် စစ်ကား ၁ စီးကို KNU နှင့် PDF တပ်များက အနီးကပ် RPG ဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေသောအဖွဲ့ကို လုံခြုံရေးဆောင်ရွက်ပေးနေသော စစ်သားများလိုက်ပါသော Hijet အမျိုးအစားမော်တော်ယာဉ်ကို အနီးကပ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သည့်နေရာသို့ စစ်တပ်က စစ်ကြောင်းထိုးရာမှ RPG ၁ လက်သိမ်းဆည်း ရရှိကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း( အနောက်ခြမ်း)၊ရွှေတောင် မြို့ပေါ်တွင် စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်နေသည့် ယွန်းတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး နှင့် စစ်သား၊ ရဲနှင့်ပျူစောထီးများ ပါဝင်သည့် အဖွဲ့ ကို ယွန်းတန်းရပ်ကွက်၊အုပ်ချုပ်ရေးမှူး၏ အိမ်ရှေ့ ရွှေတောင် ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်ဝတ်ဖြင့် လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရွှေတောင်ပကဖက ပြောဆိုသည်။

စစ်ကောင်စီအလိုကျ သန်းခေါင် စာရင်းကောက်ခံရာတွင် လိုက် ပါ ​ဆောင်ရွက်နေသူများအားလုံးကို မှတ်တမ်းတင်ထားပြီး ယခုထက်ပို ၍ ထိထိရောက်ရောက် တိုက်ခိုက်အရေးယူသွားမည်ဖြစ်ကြောင်း ရွှေတောင်ပကဖက သတိပေးချက် ထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article