31 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅၅ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနှင့်မိုင်းရယ်မြို့တို့တွင် စစ် ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၅ ဦးသေဆုံးပြီး ၁၃၉ ဦး ဒဏ်ရာရ၊ စာသင် ကျောင်း၊ ဘုရားစေတီများအပါအဝင် အဆောက်အအုံအများအပြား ပျက်စီးခဲ့ ကြောင်း Shan Human Rights Foundation – SHRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန် ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော သီပေါ၊ ကျောက်မဲ၊ နောင် ချို၊ နမ့်ခမ်း၊ လားရှိးနှင့် မိုင်းရယ်မြို့ တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ် မှုများကြောင့် အရပ် သားပြည်သူ ၅၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဟော်တယ် များ၊ တက္ကသိုလ်များ အပါအဝင် အဆောက် အဦး ၄၅၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားခံနေရသော နယ်မြေများဖြစ်သည့် သီပေါမြို့နှင့် နောင်ချို ချိုမြို့တို့တွင် စစ်ရေးပဋိပက္ခများ ရှိနေသော်လည်း အရပ်သား သေဆုံးမှုနှင့် လူနေအဆောက် အဦးများ ပျက်စီးမှု အများစုမှာ လက်ရှိ တိုက်ပွဲများ မရှိသေးသည့် ခုခံထိန်း ချုပ်မှုနယ်မြေများကို လေကြောင်း တိုက် ခိုက်မှုများကြောင့် ဖြစ်ကြောင်း Shan Human Rights Foundation – SHRF က ဆိုသည်။

“ဒါကတော့ တကယ့်ကို အရမ်းကို ယုတ်မာဆိုးရွားတဲ့ အရပ်သားနေရာတွေကို ဗုံးကျဲတာ အရပ်သားနေရာတွေကို တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ လုပ်တာလည်း ရှိတယ် ။ တိုက်ပွဲဖြစ်ပြီး လုပ်တာလည်း ရှိပေမယ့် အဓိကကတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာ အရမ်းကို ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်တာဖြစ်တယ်။ ဒီကျူးလွန်မှုကို ကျွန်မတို့ အနေနဲ့ မှတ်တမ်းယူထားပြီးတော့ တစ်ချိန်ကျ ဒီအရာတွေကို တရားမျှတမှု ပြန်ယူဖို့ လိုတယ်လို့ ကျွန်မအနေနဲ့ မှတ်ချက်ပေးလိုပါတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လွန်ခဲ့သော ၆ ပတ်အတွင်း သီပေါမြို့၊ ကျောက်မဲမြို့နှင့်နမ္မတူမြို့များတွင် စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများမှာ သီပေါမြို့နယ်အတွင်းရှိ တအာင်းလွတ် မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီအခြေစိုက်စခန်းများကို သိမ်းပိုက်ရန် ကြိုးပမ်းနေ သည့်အတွက် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်း တိုက်ခိုက်မှု များနှင့် ခလရ-၂၃ တပ်မှလက်နက်ကြီးပစ်ခတ်မှု များကြောင့် အရပ်သားပြည်သူ ၁၈ ဦးသေ ဆုံးကာ ၃၄ ဦးဒဏ်ရာရရှိခဲ့ပြီး သီပေါမြို့နှင့်မြို့အနီးတစ်၀ိုက်ရှိ စာသင်ကျောင်း ၃ ကျောင်းနှင့် ဆေးရုံအ ဆောက် အဦးတစ်လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဟော်တယ် ၁ ခုအပါအဝင် အဆောက်အအုံ ၁၂၀ ကျော်ပျက် စီးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုသုံးခုသည် တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းနှင့် အလွန်နီး ကပ်စွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ၅ လုံးမှာ ပိုက်လိုင်းအနီးကျရောက်ခဲ့ရာ တစ်လုံး မှာ ကျောင်းစုကျေးရွာရှိ ပိုက်လိုင်းထိန်းချုပ်ရေးစင်တာနှင့် မီတာ ၁၀၀ အကွာအ၀ေးတွင် ကျရောက် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၂ ရက်နေ့တို့တွင် စစ်ကောင်စီတပ်သည် သြဂုတ်လ ဒုတိ ယ ပတ်အတွင်း စစ်ကောင်စီမှ ဆုတ်ခွာပြီးနောက် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မ တော် (MNDAA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိထားသည့် သီပေါမြို့တောင်ဘက်ရှိ ကီလိုမီတာ ၃၀ အကွာအဝေးတွင် တည်ရှိနေသော နားမခေါ် ကျေးရွာသို့ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း၊ နားမခေါ်ကျေးရွာသို့ကျရောက်သော လက်နက်ကြီးသည် နမ့်လန်မြို့ အခြေ စိုက် ခလရ ၅၀၆ မှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်လန်မြို့ အခြေစိုက် စစ်ကောင်စီတပ်က သြဂုတ်လနှောင်းပိုင်းမှ စတင် ၍ သီပေါမြို့သို့ စား သောက်ကုန်နှင့် အခြေခံအသုံးအ ဆောင် များကိုပိတ်ပင်ထားပြီး ထိုသို့ပိတ်ပင်ခြင်းကြောင့် သီပေါမြို့တွင်ကျန်ရစ်ခဲ့သော ဒေသခံများ (ဒေသခံတစ် ၀က်ခန့်သည် တိုက်ပွဲများကြောင့်အနှံ့အပြား ပျံ့နှံ့တိမ်းရှောင်နေ) ကို ပိုမိုခက်ခဲစေကြောင်း Shan Human Rights Foundation – SHRF ပြောဆို သည်။

သြဂုတ်လ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် စစ်ကောင်စီမှ မှ TNLAနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သိမ်းယူခဲ့သော ကျောက်မဲမြို့အား ညအချိန်တွင်ပေါင် ၅၀၀ ဗုံး ၁ လုံးပါဝင်သည့် လေ ကြောင်းတိုက် ခိုက်မှုလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ အ.ထ.က (၂) အပါအဝင် အ ဆောက် အအုံ ၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ယမန်နှစ်များ ကတည်းက တိုက်ပွဲများမရှိသော နမ္မတူမြို့နယ် အတွင်း ရှိ TNLA ထိန်း ချုပ်ဒေသများဖြစ်သော မန်လီကျေးရွာနှင့် ပန်လုံကျေးရွာတို့ကို စစ်ကောင် စီတပ်မှ လေကြောင်းမှဗုံးကြဲတိုက် ခိုက်ခဲ့ရာ မန်လီကျေးရွာရှိ နေအိမ် ၃လုံးပျက်စီးခဲ့ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article