29 C
Yangon

မြန်မာနိုင်ငံတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့လာရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ထုတ်ပြန်

Must read

မြန်မာနိုင်ငံတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့လာရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံတွင် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ယနေ့ တရုတ်ဘာသာဖြင့် ထုတ်ပြန် သည်။

မကြာမီကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်း အလဲများ ကြုံနိုင်ကြောင်း၊ ရှုပ်ထွေးသော အခြေအနေများကြောင့် MNDAA ကို အသုံးချခံမဖြစ်စေရန် မလိုလားအပ်သော အငြင်းပွားမှုနှင့်ပဋိပက္ခများမဖြစ်စေရန် စည်းကမ်းချက်များကို ထုတ်ပြန်ကြောင်း MNDAA က ကြေညာသည်။

MNDAA က ထုတ်ပြန်သော စည်းကမ်းချက်များမှာ အာဆီယံနှိုင်ငံများ၊ အမေရိကန်နှင့် အနောက် နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်းမပြုရန် ၊ မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်၊ အမေရိကန်နှင့်အနောက်နိုင်ငံများမှ သတင်း ထောက်များ၏ အင်တာဗျူးများကို လက်မခံရန်၊ ပြည်ပမီဒီယာများနှင့် အင်တာဗျူးများ မလုပ်ရန်၊ မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များ ခွင့်ပြုချက်မရဘဲ ဖြေဆို ဖော်ပြခြင်းမပြုရန် တားမြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို စစ်ရေးနှင့်တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် ဖိအားများ ပေးလျက်ရှိရာ MNDAA ဘက်ကလည်း အဆိုပါ ဖိအားများ၏နောက်ဆက်တွဲ ကြေညာချက်များ မကြာခဏ ထုတ်ပြန်လေ့ရှိသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article