30 C
Yangon

စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်များ အပါအဝင် ၁၆ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း ရခိုင်ဒေသ သတင်းရင်းမြစ် Arakan Princess Media၏ သတင်းဖော်ပြချက် နှင့် ဒေသခံတချို့၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ကျောက်တော်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကျောက်တော်မြို၊ ပြည်တော်သာရပ်ကွက်မှ ပြိုင်စံသျှား အမှုန့်ကြိတ်စက်ပိုင်ရှင် အသက် ၄၃ နှစ် အရွယ် ဦးအေးကျော်၊ ပိုက်သည်ရပ်ကွက်မှ အသက် ၅၃ နှစ်အရွယ် ဦးကျော်သိန်းလှ ၊ရွာမရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးမောင်ထွန်းနိုင်၊ အပေါက်ဝရွာမှ အသက် ၁၈ နှစ်အရွယ် တို့ဖြစ်ကြောင်း သိရှိရသည်။

ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများတွင် အသက် ၆ နှစ်အရွယ်၊ အသက် ၈ နှစ်အရွယ်၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၁၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ တမင်ကြီး လေယာဉ်နဲ့ ဗုံးလာကျဲချသွားတာ။ ညနေပိုင်းဆိုတော့ အေးအေးလူလူ သွားကြ လာကြတဲ့အချိန် ဆိုတော့ ဒဏ်ရာရသူများတာပါ။ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတာတွေလည်းပါတယ်” ဟု ကျောက်တော်မြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ရခိုင်ဒေသအပါအဝင် နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နေရာများသို့ လေယာဉ်ဖြင့် ဗုံးကျဲချမှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article