27 C
Yangon

မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် ထဘီများပါ ခိုးယူလုယက်သွား

Must read

■ စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် ထဘီများပါ ခိုးယူလုယက်သွားကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလမှ စတင်၍ မင်းလှမြို့နယ် အတွင်းရှိ ကပစ ၁၀ (ကုန်းကြီး)၊ ကပစ ၂ (မလွန်) နှင့် သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ (သရက်) တို့မှ အင်အား ၁၀၀ ၀န်းကျင်ဖြင့် စုဖွဲ့ထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့နယ် အတွင်းရှိ ကျောက်ဖျာလည်ရွာ၊ တိုင်တားရွာ၊ သမင်ကတုတ်ရွာ၊ ခုန်တိုင်ကျင်းရွာနှင့် မြုံး၀ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ရွှေ ၊ ငွေ ၊ ကြက် နှင့် စားသောက်ကုန်များ အပါအဝင် ထဘီများပါမကျန် ခိုးယူသွားပြီး ငွေငွေ သိန်း ၇၀၀ ကျော်ဖိုး လုယက်သွားကောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျောက်ဖျားလည်ကျေးရွာကို ၀င်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ ရွှေ၊ ငွေများကို ခိုးယူနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ချဉ်းကပ်၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်‌ကောင်စီ တပ်သား ၃ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပြန်လည်ဆုတ်ခွာသွားပြီး ထိုမှတဆင့် ၎င်းတို့ တပ်ရင်းများကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်အချိန်များတွင် ရွှေငွေနှင့် အရေးကြီးစာရွက်စာတမ်းများကို အဓိကထားပြီး ကိုယ်နှင့်မကွာ ယူဆောင်သွားကြပါရန်နှင့် ဆေးဝါး၊ရိက္ခာ၊ သတင်းဆိုင်ရာလိုအပ်ချက်များရှိပါက မင်းတုန်းပကဖကို ဆက်သွယ်ပေးကြရန် တိုက်တွန်းကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article