27 C
Yangon

ကွတ်ခိုင်မြို့နယ်၊ မုံးစီရှိ ရေပူစမ်းအပန်းဖြေစခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာရှိ ရေပူစမ်းအပန်းဖြေစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကျဲချခဲ့ပြီး အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ကြောင်း၊ ဗုံးကျဲခံရသော နေရာသည် မုံးစီးမြိုနယ်နှင့် တာမိုးညဲအကြား ပြည်သူများ၏ အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုကိုဦးတည်ကာ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

အလားတူ သြဂုတ်လ ၇ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း လက်နက်အမျိုးစားဖြစ်သည့် ပေါင်း ၅၀၀ ဗုံးအသုံးပြုပြီး ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သြဂုတ်လ (၅)ရက်နေ့တွင်မူ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို တစ်ရက်တည်း ၄ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article