27 C
Yangon

စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေသဖြင့် တားဆီးပိတ်ပင်ရေး တိုက်တွန်းမည်ဟု ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး ပြော

Must read

ရန်ကုန်| အောက်တိုဘာ ၁၁

မြန်မာနိုင်ငံအနှံ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များကို နေ့စဉ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။

ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Australia National Team တိုနှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို၌ တွေ့ဆုံခဲ့ကြစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

” စစ်ကောင်စီအား လက်နက်ခဲယမ်း တင်ပိုရောင်းချမှုတချို့ကို တားဆီးလျော့ချနိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀ ရာခိုင်နှုန်း ခန့်ထိလျှော့ချနိုင်ခဲ့ကြောင်း၊ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်က အဓိက တင်ပို့ရောင်းချနေသဖြင့် ဗီယက်နမ်အနေဖြင့် ပိတ်ဆို့အရေးယူရန် တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း” ဟု Tom Andrews က ဆိုသည်။

ဩစတေးလျအစိုးရအနေဖြင့်လည်း စစ်အုပ်စုကို ပိတ်ဆို့အရေးယူရန်၊ Universal Jurisdiction မှတဆင့် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း Tom Andrews က ပြောသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင် အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေခြင်းဖြစ်၍ နိုင်ငံတကာအစိုးရများအနေဖြင့် ကန့်ကွက်ရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း Tom Andrews က ပြောသည်။

“စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွံအစည်းတွေကို အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ စွက်ဖက်မှုကို ကန့်ကွက်ကြောင်း၊ နိုင်ငံတနိုင်ငံ၏ အချုပ် အခြာအာဏာကို အခြားနိုင်ငံက စွက်ဖက်နေခြင်းကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် စစ်ကောင်စီအပေါ် သံတမန်ဆက်ဆံရေးလျှော့ချမှုများ ပြုလုပ်လာနိုင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်း တိုက်တွန်းနိုင်ခဲ့ကြောင်း သူက ပြောဆိုသည်။

ဓာတ်ပုံ – ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် NUG ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ CRPH/NUG Support Group Australia National Team တို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့တွင် တွေ့ဆုံစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article