29 C
Yangon

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာနှင့် မိုးတောင်ကျေးရွာအကြားတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းဝန်းစုပေါင်း တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ပါ စစ်တပ်ကို မိုးတောင်ရွာနှင့် ငါန်းမြာကျေးရွာအကြားတွင် တော်လှန်ရေးတပ်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ အပြင်းအထန် ဖြစ် ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများ ပါစစ်ကူများ အင်အားဖြည့်လာကြောင်း သိရှိရသည်။

“စစ်တပ်က မန္တလေးတိုင်း၊ မြို့သာ၊ တံတာဦး၊ငါန်းဇွန်မြို့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ကစလို့ စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း စထိုးလာတာ။ ကျနော်တို့ မိုးတောင်ရွာ နဲ့ ငါန်းဇွန်ရွာရောက်တော့ ပြည်သူကာကွယ်ရေးတပ်နဲ့ တိုက်ပွဲစဖြစ်တယ်။ ဖြစ်တဲ့အချိန်က မနက်ခင်းပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်မှာ၁ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ် စုစုပေါင်းတစ်ရက်တည်းနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်။ရွာအနီးတစ်ဝိုက်က ကျေးရွာတွေနဲ့ ကျနော်တို့ ရွာကပြည်သူတွေ အကုန်နေရပ်စွန့်ခွာနေကြရတယ်။ နှစ်ဖက်ထိ တွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်ကတော့ အကြမ်းဖျဉ်း ၁၅ ဦးလောက်တော့ သေတယ်” ဟု ဒေသတော်လှန်ရေးတပ်က ပြောဆိုသည်။

ယမန်နေ့ နေ့လယ်ပိုင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကူများဖြည့်တင်းလာကြောင်း၊ တော် လှန်ရေးတပ်များက နံနက်ပိုင်းတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်တပ်ဘက်တွင် သေဆုံးမှုများပြားကြောင်း သိရှီရသည်။

“မနက်ခင်းတိုက်ပွဲမှာ ကျနော်တို့ဘက်က အသင့်စောင့်ဆိုင်းပြီးတော့ ၄၀မမ နဲ့ အရင် စပစ်တယ်။ စစ်အုပ်စု စစ်ကြောင်းထဲ တည့်တည့်ကျသွားတယ်။ အဲဒီမှာ တိုက်ပွဲ စဖြစ်တော့တာပဲ။ သူတို့ဘက်က အကျအဆုံးများပြီး မိုးတောင်ရွာဘက် ပြန်တပ်ဆုတ်သွားတယ်။ နေ့လယ်ပိုင်းတစ်ကြိမ် ရွာထဲကနေ ထပ်ထွက်တယ်။ ဒီတစ်ကြိမ်မှာလည်း ကျနော်တို့ဘက်က ဒရုန်းနဲ့ရော လက်နက်မျိုးစုံနဲ့ပါ ဝိုင်းပစ်လို့ ရွာထဲဝင် ပြေးသွားကြတယ်။ ညနေ ၃ နာရီအချိန်မှာ တော့ ပေါက်တောချာင်ရွာဘက်က စစ်ကြောင်း တစ်ကြာင်း၊ နံသာလှိုင်ရွာဘက်ကနေ စစ်ကြောင်း တစ်ကြောင်း၊ စုစုပါင်း စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကူလာကြတယ်။ နောက်ပြီးညဆီးမီးခုံရွာမှာ ညအထိုင်ချတဲ့ ရေကြောင်းတပ်ကလည်း အထက်ကို စစ်သင်္ဘော ၂ စီးနဲ့ဆန်တက်လာပြီး မြစ်သာရွာဘက်ကမ်းကနေ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်ကူ တာ တွေရှိတယ်။ညနေ ၃ နာရီ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က စစ်အင်အားများလာလို့ တော်လှန်ရေးတပ်နောက်ပြန်ဆုတ်ထားတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါတိုက်ပွဲတွင် ငါန်းဇွန်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း၆၊ TGYRအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article