26 C
Yangon

သီပေါနှင့် နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

သီပေါနှင့် နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် သီပေါမြို့၊ ဇတ်စုရပ်ကွက်နှင့် သီပေါအကျဉ်းထောင်အတွင်း သို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းပေါင် ၅၀၀ ဗုံး (၃)လုံး လာရောက်ကျဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း၊ ထောင်အဆောက်အအုံနှင့် လူနေအိမ် ၇ လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်အထိ TNLA နှင့် စစ်ကောင်စီတပ်များ အကြားတိုက်ပွဲဖြစ်ပွားလျက်ရှိသော ခလရ-၂၃ တပ်အနီးတစ်ဝိုက်တွင်းလည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ နီးပါးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်အထိ လေယာဉ်ဖြင့်င် ထပ်မံ၍ ဗုံးအလုံး

၄၀ ကျော် လာရောက်ကျဲချခဲ့ကြောင်း၊ နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြိုနယ် အင်းဖိုကျေးရွာတွင်လည်း အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ဘန့်ဘွေရှိစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၊ ထိုသို လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁ ဦးသေဆုံးပြီး လူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများတွင် နေ့စဥ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article