27 C
Yangon

လားရှိုး၊ နမ့်ပေါင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ပျက်စီး၊ ငါန်းဇွန်းတွင်လည်း စစ်တပ်က လေ ကြောင်းတိုက်ခိုက်

Must read

လားရှိုး၊ နမ့်ပေါင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ပျက်စီး၊ ငါန်းဇွန်းတွင်လည်း စစ်တပ်က လေ ကြောင်းတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းအဆောက်အအုံ ပျက်စီးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက လားရှိုးမြို့နယ်၊ သိန္နီခရိုင်၊ သံလွင်နယ် နမ့်ပေါင် ကျေးရွာရှိ မြန်စာသင်ကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး၏ ညာလက်မောင်းဒဏ်ရာရ ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ထို့ပြင် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံ အပြင်းအထန် ပျက်စီးခဲ့ပြီး အနီးနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ငါန်းဇွန်မြို့နယ်၊ မြာကြီးစံပြကျေးရွာအနီး နံ့သာရွာနှင့် မိုးတောင်ရွာဘက်သို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ၃ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင် စစ်ကြောင်းများ ထိုးနေပြီး တိုက်ပွဲများဖြစ်ပွားနေကာ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မြေပြင်မှာလည်း စစ်ကြောင်းတွေ တက်လာတယ်။ လေယာဉ်နဲ့ရော Mi-35 ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာ။ အခြေအနေ ဆိုးပါတယ်။ ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၂၀၀၀ နီးပါး လောက် ထွက်ပြေးနေရတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ပါ စစ်တပ်ကို မိုးတောင်ရွာနှင့် ငါန်းမြာကျေးရွာအကြားတွင် တော်လှန်ရေးတပ်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ အပြင်းအထန် ဖြစ် ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများ ပါစစ်ကူများ အင်အားဖြည့်လာကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်း တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- လားရှိုး၊ နမ့်ပေါင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် အပျက်အစီးနှင့်ထိခိုက်ဒဏ်ရာရသူတစ်ဦး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article