27 C
Yangon

မြိုင်မြို့နယ်၊ ကန်နီရွာ ပျူစောထီးစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ မြိုင်မြို့မရဲစခန်းမှ ရဲဇနီးဖြစ်သူလည်း သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

မြိုင်မြို့နယ်၊ ကန်နီရွာ ပျူစောထီးစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ မြိုင်မြို့မရဲစခန်းမှ ရဲဇနီးဖြစ်သူလည်း သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာပျူစောထီးစခန်းတွင် တာဝန်ကျနေသော ရဲတပ်သား ၁ ဦး လက်နက် နှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Burmese Peacock Defense Force- BPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် န့နက် ၁၀ နာရီခန့် ကန်နီကျေးရွာပျူစောထီးစခန်း၌ တာဝန်ကျနေသော ရဲတပ်သားတစ်ဦး လည်းMA3 အမျိုးအစား သေနတ် ၁ လက်ဖြင့် အလင်းဝင်ရောက်လာမှုရှိခဲ့ကြောင်း သိရသည်။

“ အလင်းဝင်ခဲ့တဲ့ရဲကိုတော့ ပကဖအဖွဲ့ကပဲ တာဝန်ယူဆောင်ရွက်ထားပါတယ်” ဟု Burmese Peacock Defense Force- BPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့အောက်တိုဘာလ ၁၃ ရက်နေ့ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူ မယုယုဇာက G3 သေနတ် တစ်လက် ယူဆောင်လာပြီး ဆင်ရိုင်းရာဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်ဝင်ရောက်လာကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

“နောက်ဆက်တွဲ သိရတာကတော့ သေနတ်ပိုင်ရှင်ရဲကတော့ ထိုးကြိတ်ခံရတယ်။ အလင်းဝင်လာတဲ့ ရဲဇနီးကိုတော့ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပါတယ်” ဟု အဆိုပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article