29 C
Yangon

မြိုင်မြို့နယ်တွင် ခမရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁လက် ယူဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

မြိုင်မြို့နယ်တွင် ခမရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁လက် ယူဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာတွင် တပ်စွဲထားသော ခမရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးက သေနတ် ၁လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်လာကြောင်း M.P.L People’s Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ကန်နီပျူစောထီးရွာတွင် တပ်စွဲထားသော ခမရ ၂၅၂ တပ်ရင်းမှ တပ်သား ဝေဖြိုးအောင်သည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၂၈ တောင့်နှင့် အတူ မြောက်ပိုင်းဇုန် မြိုင် ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

ထို့သို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သား ဝေဖြိုးအောင်ကို မြိုင်မြို့နယ် ပကဖ ထံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article