29 C
Yangon

သီပေါမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၃ တပ်စခန်းကို TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ခဲ့ဟု တရားဝင် ထုတ်ပြန်

Must read

သီပေါမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၃ တပ်စခန်းကို TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ခဲ့ဟု တရားဝင် ထုတ်ပြန်

■ စစ်တပ်၏ ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းများကို သိမ်းပိုက်စဉ် ဖမ်းဆီးရမိသည့် တပ်မိသားစုဝင် ၁၉၁ ဦးကို TNLA က လူသားချင်းစာနာမှုဖြင့် ပြန်လွှတ်ပေး

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၃ တပ်စခန်းကို TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA ကယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခြေလျင် တပ်ရင်း-ခလရ ၂၃ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြိုကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့တွင် ခမရ-၅၀၃ နှင့် ၅၀၄ တပ်စခန်းမှ ဖမ်းဆီးထိန်းသိမ်းရမိသည့် တပ်မိသားစုဝင် ၁၉၁ ဦးကိုလည်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လူသားချင်း စာနာ ထောက်ထားသောအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် တပ်မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ပြီး ကား ၄ စီးဖြင့် ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် သီပေါမြိုရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၃ တပ်စခန်းကို တအာင်းတပ်မတော်က သိမ်းပိုက် နိုင်ခဲ့ပြီး ယင်းတပ်အတွင်းရှိ အိမ်ထောင်စု ၃၈ စုရှိကာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄၈ ဦး နှင့် ကလေးငယ် ၄၃ ဦး စုစုပေါင်း တပ်မိသားစုဝင် ၁၀၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၅၀၄ တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု ၃၄ စုရှိကာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃၉ ဦးနှင့် ကလေးငယ် ၃၄ ဦးစုစုပေါင်း တပ်မိသားစုဝင် ၈၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article