29 C
Yangon

ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထံသို့ တရားဝင် ပြန်လည် လွှဲပြောင်းပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထံသို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို ငါးရှာရန် ထွက်လာခဲ့ကြသော ဟာမာအူလာစ် ဦးဆောင်သော လူ ၁၆ ဦးပါ ငါးဖမ်းလှေကို အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန် အင်အား ၆၀ ဦးပါ ဘင်္ဂလား ပင်လယ်ဓားပြအဖွဲ့က မော်တော်ဘုတ် ၃ စီးဖြင့် ဓားပြတိုက်ခဲ့ကြောင်း၊ ယင်းနောက် ငါးဖမ်းသမား ၁၆ ဦးကို ဖမ်းဆီးလှောင်ပိတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့က ငါးဖမ်းစက်လှေကို မော်တော်ဘုတ် ၃ စီးဖြင့် ဝိုင်းရံပြီး လက်နက်များဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် ရေလုပ်သားငါးဖမ်းသမားများကို သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ငါးဖမ်းလှေတွင်ပါလာသမျှသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံး ကို ယူဆောင်သွားကြောင်း ၊ ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား များအားလုံးကို ငါးဖမ်းလှေ၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၄ နာရီခန့်အချိန်သို့ ရောက်သောအခါ ပင်လယ်ဓားပြ များက အာရက္ခဒေသ၊ မောင်တောမြို၊ ကျောက်ပန္ဒူကမ်းခြေအနီး ကမ်းတင်ရန် စီစဉ်ထားခဲ့စဉ် AA အာရက္ခ ကမ်းခြေစောင့်တပ်က အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်အချိန်တွင်တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင်ပါလာသော ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ AA က ကယ်တင်ထားစဉ်တွင်လည်း ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ကြောင်း သိရှိရသည်။

ထိုနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို ဆက်သွယ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲများထံသို့ ငါးဖမ်းသမား ၁၆ ဦးလုံးကို ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article