33 C
Yangon

ရေးမြို့နယ် အပလိုင်ရွာနှင့် စုံပတောက်ရွာအကြားတွင် စစ်တပ်၏ လမ်းပြအဖြစ် လုပ်ကိုင်နေသည့် ပျူစောထီး ၁ ဦးကို ရေးဘီလူးအဖွဲ့ က အရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်အခြေစိုက်သည့် စစ်ကောင်စီ ခမရ ၅၈၇တပ်ရင်းအတွက် လမ်းပြအဖြစ် လုပ်ကိုင်နေသည့် ပျူစောထီး ၁ ဦးကို ရေးဘီးလူးအဖွဲ့က အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ရေးမြို့နယ် အပလိုင်ရွာနှင့် စုံပတောက်ရွာကြားတွင် အဆိုပါ ပျူစောထီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းမိသူသည် ပျူစောထီးအမည်ခံ စစ်မှုထမ်း လူသစ်ဖြစ်ကြောင်း သိရှိရသည်။

“အဲဒီကောင်တွေ (အကြမ်းဖက်စစ်သားတွေ) လာယူရင် ပြန်ပေးမယ်။ လာတက်ယူ ငါတို့ နေရာမှာ။ ပျူစောထီးဆိုပေမယ့် အမှန်တော့ တပ် သားပဲ စစ်မှုထမ်းတဲ့ လူသစ်တွေပေါ့။ လမ်းနည်းနည်းကျွမ်းတဲ့ ကောင်တွေ သုံးလို့ရတဲ့ကောင်တွေ အရှေ့ပွိုင့်မှာ ပြန်သုံးတယ်။ ကျနော်တို့ရဲ့ အခြေအနေတွေကို အကဲခတ်လေ့လာထားတဲ့ အဲဒီလို ကောင်မျိုးတွေပေါ့။ ကင်းပုန်းလာဝပ်ရာမှာ ပါလာတဲ့ လမ်းပြပေါ့” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လမ်းပြအဖြစ် ရှေ့ပြေးလာထောက်လှမ်းသူကို ရေးဘီလူးအဖွဲ့၏ ကင်းပုန်းတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article