35 C
Yangon

စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်နှင့် နည်းပညာတက္က သိုလ်များတွင် လျှောက်ထားသူနည်းပါးသဖြင့် လျှောက် လွှာတင်သူမှန်သမျှ အကုန်ခေါ်စနစ်ကျင့်သုံးနေကြောင် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုလာမည့် ၂၀၂၅ ခုနှစ် အတွက် စစ်တက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ် လောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်များအတွက် သင်တန်းသားများ ခေါ်ယူခဲ့ရာတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင်သူမှန်သမျှကို အကုန်ခေါ်ယူသည့် စနစ်ကို ကျင့်သုံးနေကြောင်း၊ လျှောက်ထားကြသူများမှာလည်း အဓိက အားဖြင့် စစ်မှုထမ်း မိသားစုများ၊စစ်မှုထမ်းဟောင်း မိသားစုများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ သားသမီးများဖြစ်ကြောင်း သိရှိရသည်။

“ဒီနှစ်လျှောက်ကြတာ အပြင်လူ(အရပ်သား) နည်းတယ်။ မူလတပ်အသိုင်းအ၀ိုင်း၊ စစ်မှုထမ်း ဟောင်းနဲ့ အစိုးရဝန်ထမ်းသားသမီးတွေချည်းပဲ။ အားလုံးခေါ်မယ်လို့ သိရတယ်။ လျှောက်ထားသူလည်း အတော်နည်းတယ်။ လျှောက်လွှာတင်တာနဲ့ကို ပါပြီ။ ဝင်ခွင့်အရည်အချင်းစစ်ဆိုတာကလည်း ဘာမေးမယ်ဆိုတာ ကြိုတင် အသိပေးတာရှိသလို အရည်အချင်းစစ် စာမေးပွဲ မေးခွန်းမှာလည်း အလွယ်ဆုံးတွေကိုပဲ ပြန်မေးတာ။ စာမေးပွဲမေးခွန်းမှာ မဖြေနိုင်လည်း အအောင်ပေးတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တက္ကသိုလ်ဗိုလ်လောင်း၊ တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းများကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လျှောက် လွှာ တင်သူတိုင်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုသူမှန်သမျှ အအောင်ပေးထားကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက စစ်တပ်နှင့်ပတ်သက်သော တက္ကသိုလ်များသို့ လျှောက်ထားသူ နည်းပါးသည့်အတွက် ဝင်ခွင့်အရည်အချင်းများကို လျှောက်ထားသူတိုင်း ရရှိရေးအတွက် လျှော့ချသတ် မှတ်မှုများ ရှိကြောင်း၊ သိသာထင်ရှားသော ပြောင်းလဲသတ်မှတ်မှုမှာ ၂၀၂၂ ခုနှစ်မှစတင်၍ အသက်ကန့်သတ်ချက်များကို တိုးမြှင့်ပြီး ယခုနှစ်တွင်လည်း အသက်ကန့်သတ်ချက်ကို ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

“မူလသတ်မှတ်ချက်ဖြစ်တဲ့ အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ ဆိုတဲ့အစား ၂၀၂၂ ခုနှစ်မှာ ဗိုလ်လောင်းခေါ်တုန်းက အသက် ၁၆ နှစ်အောက် မငယ်ရ၊ အသက် ၁၈ နှစ် ၆ လ ထက်မကြီးရဆိုပြီး ပြောင်းလဲကန့်သတ်ပေးခဲ့တယ်။ ဒါပေမယ့် လျှောက်သူနည်းတော့ စာမေးပွဲ ၁ နှစ်ကျ၊ ၂ နှစ်ကျပြီးမှ စာမေးပွဲအောင်သူတွေပါ လျှောက်နိုင်အောင်လို့ ၂၀၂၃ ခုနစ်မှာ ဗိုလ်လောင်းခေါ်တော့ အသက် ၁၆ နှစ်အောက် မငယ်ရ၊ အသက် ၁၉ နှစ် ၆ လထက် မကြီးရ ဆိုပြီး ပြောင်းလဲခဲ့တယ်။ ဒီနှစ်၂၀၂၄ ခုနှစ်မှာလည်း စာမေးပွဲ နှစ်ကြီးကျ သမားတွေပါ လျှောက်ထားနိုင်အောင်လို့ အသက် ၁၇ နှစ်အောက် မငယ်ရ၊ အသက် ၂၀ နှစ်ထက် မကြီးရ ဆိုပြီး ထပ်ပြောင်းလဲတယ်။ ဒါက လို အပ်ချက်အရ လျှောက်ထားသူနည်းလို့ ကန့်သတ်ပြင်ဆင်တာတွေ လုပ်နေတာပါ။ အခု လျှောက် သူတိုင်း ပါတဲ့စနစ် သုံးတာ” ဟု တပ်သတင်းရင်းမြစ်က အသေးစိတ်ရှင်းလင်းပြောဆိုသည်။

လက်ရှိ စစ်တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် ဗိုလ်လောင်းသင်တန်း လျှောက်ထားသူ ၂၀၀ ဦးဝန်းကျင်ဆီသာ ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဗိုလ်လောင်း စစ်လက်ရုံး အမျိုးသမီးများ ရွေးချယ်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဗိုလ်လောင်း စစ်လက်ရုံး အမျိုးသမီးများ ရွေးချယ်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article