35 C
Yangon

မင်းကွန်းမြို့တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်သားများကို ပစ်ခတ်မှု ဒုရဲအုပ် သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်းနှင့် ရဲဒုတပ်ကြပ် ဇော်မင်းနိုင်တို့ သေ ဆုံး၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း မင်းကွန်းမြို့ရှိ မင်းကွန်း မယ်တော်ကြီးဘုရားရှေ့တွင် လက် ဖက်ရည်သောက်နေသည့် အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိပြီး ပြည်သူ မည်မျှ သေဆုံးသည်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“မင်းကွန်း စောစောစီးစီးပွဲကြမ်း။ စစ်ခွေး ၃ ကောင်ပစ်ခတ်ခံရပြီး သေဆုံးတယ်။ သူတို့ကောင်သေတော့ ဆိုင်မီးရှို့ပြီး ရမ်းပစ်လို့ ပြည်သူတွေ ထိတယ်လို့ သိရတယ်။ ခုတော့ နာရေးကားတွေနဲ့စစ်ခွေးကားတွေ တအားမောင်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်း မင်းကွန်းမြို့ပေါ်ပစ်ခတ်မှုကြောင့် ဒုရဲအုပ် သက်နိုင်ဌေးမှာ ယာဘေးနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊ ဒုရဲအုပ် ရဲဝင်းထွန်းမှာ ယာပါး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊ ရဲဒုတပ်ကြပ် ဇော်မင်းနိုင်မှာ ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာပေါင် ကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ တပ်ကြပ် မောင်ဆန်းမှာ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကိုင်း မင်းကွန်းလမ်းတွင် စစ်တပ်က ဂိတ်ချ စစ်ဆေးမှုများလုပ်ဆောင်ပြီး ပြည်သူများကို ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article