35 C
Yangon

မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း ပစ်ကူများပါ အသုံးပြု တိုက်ခိုက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း ပစ်ကူများပါ အသုံးပြု တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ပုလောမြို့နယ်အတွင်းရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း၊ တော်လှန်ရေးမဟာမိတ်တပ်များ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများသည် လက်ရှိအချိန်ထိ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်လျက်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုက်တွန်းလိုကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

” စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်လို့ လက်ရှိအချိန်ထိ ပြည်သူတွေ ထိခိုက်မှု မရှိပါဘူး။ တိုက်ပွဲက လက်ရှိချိန်ထိ ပြင်းထန်နေတုန်းမို့ နောက်ပိုင်း ဆက်လက် ထုတ်ပြန်ပါ့မယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article