35 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တက္ကသိုလ်တွေမှာ လျှောက်ထားသူအလွန်နည်းပါး နေတဲ့အတွက် လျှောက် လွှာတင်သူ မှန်သမျှ အကုန်ခေါ်တဲ့ စနစ်ကို ကျင့်သုံးနေပြီး ၊ လူမရတဲ့အတွက် စစ်ကောင်စီက အသက်ကန့်သတ်ချက်တွေကို ဆက်တိုက်ပြောင်းလဲနေရတယ်လို့ စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်နီပြည်က အကြမ်းဖက် စစ်ကောင်စီရဲ့ ထူးချောင်း စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းပိုက်မှုအတွင်း နယ်မြေရှင်းလင်းတဲ့အချိန် မရေတွက်နိုင်လောက်အောက် ပုတ်ပွနေတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေ အများအပြား တွေ့ရှိထားပြီး ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တစ်လတာ တိုက်ပွဲတွေ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၁၄၇ ဦးကတော့ အသီးသီး သေကုန်ကြပြီဖြစ်တဲ့အပြင် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၈ ဦးကိုပါ အရှင်ဖမ်းဆီးရ မိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article