35 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ လာပို့ရွာနှင့် ဘော်ပြင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက် ဒဏ်ရာရကာ နေအိမ် ၃၀ ဝန်းကျင်ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ လာပို့ရွာနှင့် ဘော်ပြင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက် ဒဏ်ရာရကာ နေအိမ် ၃၀ ဝန်းကျင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာပို့ရွာနှင့် ဘော်ပြင်းရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော် ၂ ဦး ကျဆုံးကာ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။။

“ညနေ ၃ နာရီလောက်မှာ လာပို့ရွာကို အရင်ကျဲချတာ။ နောက် ၁၀ မိနစ်ဝန်းကျင်လောက်မှာ ဘော်ပြင်းကိုကျဲတယ်။ ဘော်ပြင်းရွာကိုကျတော့ ရော့ကဒ်တွေနဲ့ရောထုသွားတယ်။ ဘော်ပြင်းရွာက PDF ၂ ဦးကျသွားတယ်” ဟု ဒေသပြည်သူ ပြည်သူ တစ်ဦးကက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်သည့်အချိန်တွင် ဘာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘော်ပြင်းရွာမှ ဒေသ ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ပြင်းရွာမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရရှိခဲ့ကြောင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း လာပို့ရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အတွင်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအနည်းငယ်ပြင်းထန်ကြောင်း သိရှိရသည်။

“ဒီနေရာက ကလေးတွေ ဆော့ကစားတဲ့ နေရာနဲ့နီးတယ်။ ကံကောင်းလို့ ကလေးတွေမထိပေမယ့် လန့်သွားကြတာမျိုးရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တော့ နေမကောင်းဖြစ်တဲ့ကလေးတွေရှိတယ်။ လာပို့ရွာက ဒဏ်ရာရတဲ့ အရေအတွက်ကိုက ဆေးခန်းရောက်လာတဲ့ အရေအတွက်နဲ့သိရတာ အခြားအသေးစားထိခိုက်မှုတွေရှိဦးမယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဘော်ပြင်းရွာကို ဗုံး ၅ လုံး၊ လာပို့ရွာကို ဗုံး ၂ လုံးကြဲချခဲ့ရာမှာ နေအိမ်အဆောက်အဦး ၃၀ ဝန်းကျင်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်မှုရှိကြောင်း၊ စစ်ကောင်စီက ဂန့်ဂေါခရိုင်၊ ယောဒေသကို လေကြောင်းတိုက်ခိုက်မည်ဆိုသော သတင်းများ ပြန့်နှံ့လာပြီးနောက် အောက်တိုဘာလမှ စတင်၍ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ၊ ရေရှင်မရွာတောင်ဘက် ဘုရားရင်ပြင်တော်ဝန်းကျင်ကို အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံး ၂ ကြိမ်ကျဲချခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် ထီးလင်းမြို့နယ် ကျင်းမြောက်ရွာကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက ဗုံး ၄ လုံး ကျဲချခဲ့ပြီး ၃လုံးပေါက်ကွဲခဲ့သောကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျင်းမြောက်ရွာ၊ ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသား ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီးပြင်းထန်ဒဏ်ရာရှိခဲ့သည့် အမျိုးသမီး ၁ ဦးလည်း ထပ်မံသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျင်းရွာတွင်လည်း ထိခိုက်ဒဏ်ရာရသူများရှိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးရှိ ပန်းဆန်ကျေးရွာကို ကျောက်ထုအမြှောက်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဂန့်ဂေါခရိုင်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သတင်းများကြောင့် ကျေးရွာနေ ပြည်သူ အများစုသည် ကျေးရွာများမှ တိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုများနှင့် နှလုံးအားနည်းသူများလည်း စိတ်ဖိစီးမှု ဒဏ်များ ခံစားနေကြရကာ ကျန်းမာရေးထိခိုက်မှုများရှိကြောင်း စစ်ဘေးရှောင် အရေး ကူညီသူတစ်ဦးက ပြောဆိုသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article