35 C
Yangon

ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်မှ စ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော မြင်းချင်းပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခြင်းကြောင့် ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ပွဲပြင်းထန်နေချိန် ရွှေဘိုမြို့နယ် PDO Drone အဖွဲ့နှင့် ၊ Fixed Wings Drone အဖွဲ့တို့က မြင်းချင်းပျူစောထီးရွာကို စစ်ကူသွားရန် ဇီးကုန်းလေး ပျူစောထီးရွာ အတွင်းသို့ ရောက်ရှိလာသော ပန်းရံပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးများ အဆက်မပြတ် ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကူလာရောက်နိုင်ခြင်း မရှိတော့ဘဲ မြင်းချင်းရွာထိပ်မှ နေ၍ လက်နက်ကြီးများဖြင့် တော်လှန်ရေး ရဲဘော်များကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြင်းချင်းပျူစောထီးရွာကို ရောက်ရှိနေသော တော်လှန်ရေး ရဲဘော်များသည် မီတာ ၅၀ ဝန်းကျင်ခန့်အကွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိပ်တိုက် ရင်ဆိုင် ထိတွေ့တိုက်ပွဲ ၁ နာရီကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ခဲ့သည့် တော်လှန်ရေး ရဲဘော် ၅ ဦးကိုလည်း နယ်မြေခံများနှင့် ချိတ်ဆက်၍ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ် စခန်းကို သိမ်းပိုက်ရန် ကြိုးစားနေချိန် နောက်ဆုံးဘန်ကာ အရောက်တွင် ရွှေဘိုမြို့တွင်းမှ အကြမ်းဖက် စစ်တပ်နှင့် ပန်းရံရွာမှ ပျူစောထီးများ မြင်းချင်းရွာ စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်းမှ ပြန်လည် ဆုတ်ခွာလာသော တော်လှန်ရေး ရဲဘော်များ လုံခြုံစိတ်ချရသည့် နေရာ အရောက်တွင် အသင့်ပြင်ဆင်ထားသော ဒရုန်းအဖွဲ့များက မြင်းချင်းပျူစောထီးရွာ စစ်တပ်စခန်း ၊ ဘန်ကာများနှင့် ကင်းယူထားသော နေရာများကို အကြိမ်ကြိမ် အဆက်မပြတ် ဒရုန်းဗုံးသီးများကျဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်၊ မြို့နယ် ပကဖ ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ်-၂ပကဖ ၊တိုက်နယ်-၃ပကဖ၊ တိုက်နယ်-၅ ပကဖ၊ ဒီပဲယင်း ပကဖ ၊ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့၊ နှင့် နယ်မြေခံ ပကဖ က များပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article