35 C
Yangon

ခင်ဦးမြို့ပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ် တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်တပ် တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ကြောင်း ကြည်နီတပ်ဦး – RSF ကပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခင်ဦးပေါ်၌ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ပထမအကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြယ်နီတပ်ဦး (RSF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အခြားသော တော်လှန်ရေး အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article