35 C
Yangon

ထားဝယ်မြို့တွင် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်၊ ပြည်သူများ ပွဲတော်ကို လာရောက်ခြင်း မပြုလုပ်ရန် အသိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အကြမ်းဖက် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ပွဲတော်ကို လာရောက်ခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ အကြမ်းဖက် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲနေရာကို Sky Ghost Drone Force အဖွဲ့က ၂ ရက်ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စတင်ခြိမ်းခြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကိုလိုက်နာစေလိုကြောင်းနှင့် ပွဲတော်ကို လာရောက်ခြင်း မပြုလုပ်ရန် Sky Ghost Drone Force အဖွဲ့က အသိပေးပြောဆိုထားသည်။

“တပ်ရင်းတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာတွေကို အလေးမထားတဲ့အပြင် ကျနော်တို့ဘက်က လုပ်လိုက်လို့ ပြည်သူတစ်ယောက်ပွန်းပဲ့ထိခိုက်မိတာနဲ့ သပိတ်ဦးဆောင် ကော်မတီဘက်ကနေ ဂျနီဖာကွန်ဗန်းရှင်းအပြင် အရေးတကြီး ဖော်ပြတာတွေက အခုနောက်ပိုင်း တော်လှန်အရွေ့တစ်ခုကို မရောက်ခဲ့ဘူး။ ပြည်သူတွေကိုပဲ ဦးစားပေး လိုက်နာစေချင်ပါတယ်။ အတွေးအခေါ်တွေ မပြောင်းလဲတာတွေက ကျနော်တို့ တန်ဖိုးရှိတဲ့ လူငယ်တွေရဲ့ အသက်ကို တန်ဖိုးဖြတ်ရာကျနေပါတယ်။ ကျနော်တို့ တကယ်ချစ်တဲ့ ရဲဘော်တွေ တိုင်းနဲ့ ပြည်နယ်နဲ့ ရှိနေချိန် သူတို့ခုချိန်ထိ မလိုက်နာနိုင်သေးဘူးဆိုတာ ပြောချင်ပါတယ်” ဟု Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရုရှားမှ ရရှိထားသည့် လေကြောင်း နည်းပညာကို အသုံးပြုခဲ့ပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)တပ်ရင်း (ခေါ်) T1 ၏ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်သည့် SKY GHOST DRONE FORCE မှ ရဲဘော်ဗျောက်အိုးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်မြို့အတွင်းရှိ ထားဝယ် လူမျိုးများတို့၏ရိုးရာကို ထိခိုက်နစ်နာစေလိုခြင်းမရှိကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် ပွဲသဘင်တိုင်းကိုလည်း ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် သွားလာခြင်းမပြုရန် လေးလေးနက်နက်တောင်းဆိုအပ်ကြောင်း Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article