29 C
Yangon

ရေနံချောင်းတွင် ဗိုလ်မှူးသန်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ် ၇၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ဗိုလ်မှူးသန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ယခုအောက် တိုဘာလအတွင်း စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၇၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းတစ်တိုင်းလုံးတွင် ရေနံချောင်းမြို့နယ်က စစ်သား စုဆောင်းရန် ပေါ်တာဆွဲမှု အများဆုံးမြို့နယ်ဖြစ်ကြောင်း၊ အထူးသဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူး သန်းဌေး၊ အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ မြို့နယ်ရဲမှူး၊ လ၀ကမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က လူငယ်များကို ဧည့်စာရင်းစစ်၍ ဖမ်းဆီးခြင်း၊ လမ်းများ ပိတ်ဆို့၍ ဖမ်း ဆီး ခြင်း အပါအဝင် ပုံစံမျိုးဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိကာလအပိုင်း အခြား အချိန်အတွင်းတွင်ပင် လူငယ် ၇၀ ဦးကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ဗိုလ်မှူးသန်းဌေးက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မကွေးရှိ ခမရ ၃၀၁ နှင့် ၃၁၇ တပ်များသို့ ပို့ဆောင်ကြောင်း၊ ငွေကြေးတတ် နိုင်သူများကိုမူ ငွေကြေးဖြင့် ပြန်လည် ရွေးခိုင်းပြီး လွှတ်ပေးကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်ထဲ အသွင်းခံရသူများမှာ ငွေကြေးမတတ်နိုင်သော လက်လုပ်လက်စား မိသားစုများမှ လူငယ်များဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်မှူးသန်းဌေး၊ လ၀က မြို့နယ်ဦးစီးမှူး တင်အောင်ကျော်၊ ရဲမြို့နယ်မှူး ရဲမှူးတို့က အတွဲညီညီပဲ အဲဒါ ပေါ်တာဆွဲတယ်။ ငွေတတ်နိုင်သူဆိုရင် ငွေတောင်းတယ်။ ငွေမပေးနိုင်တဲ့သူတွေကို တပ်ထဲပို့တယ်။ ပေါ်တာအဆွဲခံရသူအများစုက တစ်နေ့လုပ်တစ်နေ့စား မရှိဆင်းရဲသားများသာဖြစ်တယ်။ မဲပေါက်လို့ မ ဟုတ်ဘဲ အများစုကအလုပ်သွားရင်း လမ်းမှာသွားလာရင်း မတရားပေါ်တာအဆွဲခံရတာပါ။ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီ အလိုကျ လိုက်လုပ်ပေးနေပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးမှုမှ ရရှိသော လူငယ်များကို စစ်မှုထမ်း စစ်သား အရေအတွက် အပြည့်အမီ မရရှိသော အခြားမြို့နယ်များသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ရောင်းချပေးကြောင်း သိရှိရသည်။

“ဗိုလ်မှူးသန်းဌေး၊ လ၀ကမှူးနဲ့ မြို့နယ်ထွေအုပ် တို့ ပေါင်းပြီး ငွေကြေးတွေနဲ့ တခြားမြို့တွေဆီကို ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို ပြန်ရောင်းစားတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ဗိုလ်မှူးသန်းဌေးဦးဆောင်သော ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က စစ်မှုထမ်းရေး ဝါဒဖြန့် စည်းရုံးပွဲတွင် ပြည်သူများနှင့်တွေ့ဆုံနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဗိုလ်မှူးသန်းဌေးဦးဆောင်သော ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က စစ်မှုထမ်းရေး ဝါဒဖြန့် စည်းရုံးပွဲတွင် ပြည်သူများနှင့်တွေ့ဆုံနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article