29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဒဂုံဧရာအဝေးပြေးကားဝင်းမှာ စစ်မှုထမ်းဖို့အတွက်လို့ဆိုပြီး အမည်မသိအရပ်ဝတ်တွေနဲ့ လူအစုအဖွဲ့တစ်ခုက တစ်ရက်တည်း အမျိုးသား ၆၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ သလို ရှမ်းပြည်နယ်အရှေ့ပိုင်းကို ခရီးသည်တင်လေယာဉ်နဲ့ ပို့ဖို့ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက် လာတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ ပန်ဝါနဲ့ ကန်ပိုက်တီးဒေသက ချန်းယင်းခူးစစ်စခန်းနဲ့ BGF ၁၀၀၃ တပ်ရင်းရဲ့ ကာကင်း စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာ ကို ပြောပါတယ်။
  • မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article