29 C
Yangon

နောင်ချိုမြို့ကို စစ်တပ်က သီတင်းကျွတ်ညတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ဆီမီးပူဇော်ပြီး ပြည်သူအများ ကုသိုလ်ယူနေချိန် ဗုံးကျဲ တိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဟု TNLA ပြောဆို

Must read

နောင်ချိုမြို့ကို စစ်တပ်က သီတင်းကျွတ်ညတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ဆီမီးပူဇော်ပြီး ပြည်သူအများ ကုသိုလ်ယူနေချိန် ဗုံးကျဲ တိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဟု TNLA ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က သီတင်းကျွတ်ညတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် ဘုရားဆီမီးထွန်းညှိပူဇော်ကြသည့် သီတင်းကျွတ်ညတွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ်ဖြင့် နောင်ချိုးမြို့၊ သဖန်ကိုင်းရပ်ကွက်အတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံပြီး နောင်ချိုရဲစခန်းဝင်းအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ည ၁၁ နာရီ ၂၀ မိနစ် ၊ နံနက် ၁၂ နာရီ ၄၅ မိနစ်နှင့် နံနက် ၁ နာရီခန့်တို့တွင် ဆက်တိုက် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝင်းအတွင်း ဗုံး ၄ လုံး ထပ်မံ ကျရောက်ပေါက်ကွဲကာ တောင်ရပ်ကွက် နယ်မြေ ၂ တွင် ဗုံး ၃ လုံး၊ နယ်မြေ ၁ တွင် ဗုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူများစုဝေးနေစဥ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သီတင်းကျွတ်ညအခါသမယအချိန်တွင် ပြည်သူလူထုများ စုဝေး၍ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေကြသည်ကို သိလျက် ရဟန်းရှင်လူ ဒေသပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကျဲ တိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ကြောင်း TNAL က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article