29 C
Yangon

ကနီရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်၊ မတ္တရာတွင်လည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်

Must read

ကနီရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်၊ မတ္တရာတွင်လည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ယာကြီးတာဝါတိုင်စခန်းအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

“ဒီကနေ့ နံနက်ပိုင်းက တိုက်ပွဲစဖြစ်တာ ဒေသခံရွာတွေကတော့ တိမ်းရှောင်သွားကြပြီ အဲဒီနေရာက စစ်ကောင်စီတပ်တပ်စွဲထားတဲ့နေရာ ရဟတ်ယာဉ်နဲ့ ၂ ကြိမ်လာပစ်တယ်။ ထိခိုက်ကတော့ ဘာမှမသိရသေးဘူး” လို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းအနီးတွင် အကြမ်းဖက် စစ်တပ်က အခြေပြုတပ်စွဲထားသော ယာကြီးတာဝါတိုင်စခန်းကုန်းသည် ယမန်နှစ်က ယင်းမာပင်ခရိုင် တပ်ရင်း ၁ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းပြီး သိမ်းပိုက်ထားသော စခန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ နေရာသည် အကြမ်းဖက် စစ်ကောင်စီအတွက် ဆက်သွယ်ရေးလိုင်း ပင်မသွေးကြောအဓိကနေရာတစ်ခုဖြစ်သောကြောင့် အကြမ်းဖက် တပ်ဖွဲ့က ပြန်လည်တပ်စွဲထားသော နေရာဖြစ်ကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ် အနောက်ခြမ်းကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi- 35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article