25 C
Yangon

Breaking News- ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့ စစ်ကြောင်းဖြင့် ချီတက်ဝင်ရောက်

Must read

Breaking News- ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့ စစ်ကြောင်းဖြင့် ချီတက်ဝင်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA နှင့် PDF များ ပါဝင်သော ပူးပေါင်းတော် လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပန်ဝါမြို့မှ ပြည်သူများနှင့် KIA စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီအချိန်တွင် ပန်ဝါမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း၊ ယနေ့ နံနက်အစောပိုင်း ၁၂ နာရီအချိန်တွင် ပန်ဝါမြို့အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ချီတက်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေလည်း အဝတ်အစားတွေလဲပြီး ထွက်ပြေးကြတယ်။ ည ၉ နာရီမှာ ပန်ဝါမြို့ ပတ်ပတ်လည်မှာ စခန်းတွေ အကုန်သိမ်းသွားတယ်။ စခန်းတွေ မီးလောင်နေတာမြင်ရတယ်။ ဒီမနက် ၁၂ နာရီမှာ KIA စစ်သားတွေ ချီတက် တန်းစီပြီးဝင်လာတယ်။ ” ဟု ပန်ဝါမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

KIA သတင်းရင်းမြစ်ကလည်း “စစ်ခွေးစခန်းကုန်ပြီ….မရှိတော့ဘူး။ ရှင်းလင်းရေးလုပ်ရဦးမယ်။ လေကြောင်းသတိထားရပါတယ်။ သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေများပါတယ်။ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေ ထွက်ပြေးသွားတာလည်းရှိတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပန်ဝါမြို့ကို ယခုအောက်တိုဘာလဆန်းပိုင်းတွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ပန်ဝါမြို့ကို သိမ်းပိုက်ရရှိခြင်းလည်းဖြစ်သည်။

ပန်ဝါမြို့မှ စစ်ဘေးရှောင်ကြသည့် ပြည်သူများမှာမူ တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ထားခြင်းကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် အနီးတွင် ဆက် လက် ပိတ်မိနေပြီး ရာချီသော ကားများမှာလည်း နယ်စပ်ဂိတ်တွင် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခွင့်ရရှိရေး စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ပန်ဝါမြို့ကို စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူး ဒေသ ၁ နယ်ခြားစောင့်တပ်များက ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ- ပန်ဝါမြို့အတွင်းသို့ ယနေ့ နံနက်အစောပိုင်း ၁၂ နာရီ KIA ဦးဆောင်သော တော်လှန် ရေးတပ်များ ချီတက်၍ ဝင်ရောက်လာကြစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article