25 C
Yangon

မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်

Must read

မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း နှင့် စွယ်တော်လမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို God’s Hand Forces (GHF) အဖွဲ့က ” M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသ အဖြစ် အဌမ အကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြတွင် အကြမ်းဖက် စစ်ကောင်စီအနေနှင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် God’s Hand Forces (GHF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article