28 C
Yangon

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ စီးပွားရေးသမားများ ၊ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေး သတိပြုကြရန် တရုတ်အစိုးရ သတိပေး၊ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သူများကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူရန် တရုတ်တောင်းဆို

Must read

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ စီးပွားရေးသမားများ ၊ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေး သတိပြုကြရန် တရုတ်အစိုးရ သတိပေး၊ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သူများကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူရန် တရုတ်တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေး သတိပြုကြရန် တရုတ်အစိုးရ သတိပေးလိုက်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ မန္တလေးရှိ တ၇ုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် အရေးယူပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်။

မြန်မာနိုင်ငံရှိ ၎င်း၏နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့များအားလုံးကို လုံခြုံရေးအခြေအနေကို ဂရုပြုရန်နှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ချမှတ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ရန် မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြောင်း ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ယနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက်မရှိသော်လည်း တရုတ်ကောင်စစ်ဝန်ရုံး၏ ခေါင်မိုးတချို့ ပျက်စီးသွားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားဆိုသည်။

ယင်းဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူရန် တရုတ်နိုင်ငံက မြန်မာအကြမ်း ဖက်စစ်ကောင်စီကို တောင်းဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article