26 C
Yangon

Breaking News- KNU ဗဟိုဌာနချုပ်စစ်ရုံးချုပ်ကို စစ်ကောင်စီက အသေခံ ဒရုန်း ဖြင့် ဗုံးလာကျဲမှု ပြည်သူ ၁ ဦးထိခိုက်မှုရှိပြီး အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေရှိ KNU ဗဟိုဌာနချုပ်၊ စစ်ရုံးချုပ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသေခံဒရုန်းများဖြင့် ဗုံးလာကျဲကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် KNU/KNLAဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးရှိရာ သေ့ဘေးထစခန်းကို အကြမ်းဖက် စစ်ကောင်စီက ကာမီကာဇယ်ဒရုံးအကြီးများဖြင့် လာရောက် ဗုံးကျဲကြောင်း၊ လတ်တလော ပြည်သူ ၁ ဦး ထိခိုက်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ အဆောက်အဦးတချို့ ပျက်စီးကြောင်း၊ နောက်ဆက်တွဲ ဒရုန်းနှင့်လေယာဉ်များ တက်လာသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ကျောင်းများ ပိတ်ခြင်းနှင့် ရုံးလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။

“တပ်မဟာ ၇ ကို ဘယ်တုန်းကမှ ဒီလို တိုက်ခိုက်တာမရှိဘူး။ ဒါကတော့ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ အခြေအနေတွေက ပိုပြီးတော့ တင်းမာလာတဲ့သဘောဆောင်တယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ စစ်ကောင်စီ၏ စွယ်တော်ကုန်း အမြောက်ဗျူဟာစခန်းကုန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNLA တို့အကြား စစ်ရေးတင်းမာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း KNLA ဗဟိုဌာနချုပ်ကို လာရောက် ဗုံးကျဲသည့် အသေခံဒရုန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article