32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင်တွေ အားလုံးကို အနည်းဆုံးငွေကျပ် သိန်း ၁၀၀၀ နီးပါးကုန်ကျမယ့် Smart Card ဆီအရောင်းစနစ်နဲ့ ဆီပမာဏကို တိုက် ရိုက်စစ်ဆေးနိုင်တဲ့ Real Time စနစ်တွေ တပ်ဆင်ရမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နဲ့ စွမ်းအင်ဝန်ကြီး ဌာနကနေ ဖိအားပေးနေပြီး ၊ အဲဒီစနစ်တွေမတပ်ရင် စက်သုံးဆီရောင်းခွင့်ပါပိတ်ပင်နေသလို စစ်ကောင်စီမှာ ဒေါ်လာနည်းပါးနေတဲ့အတွက် စက်သုံးဆီးတင်သွင်းမှုကို အကြီးအကျယ်လျှော့ချဖို့ လုပ်နေတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။
  • မန္တလေးမြို့မှာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတွေ အပါအဝင် ပူးပေါင်းအဖွဲ့တွေက ကုန်ပစ္စည်း သိုလှောင်ရုံ နဲ့ ဂိုဒေါင်တွေကို ဝင်ဖောက်စစ်ဆေးပြီး ၊ တရားဝင် တင်သွင်းထားတဲ့ ကုန်ပစ္စည်းတွေကိုပါ အကုန်သိမ်းဆည်းနေတဲ့အပြင် ၊ အဲဒီလို မသိမ်း စေချင်ရင် သူတို့ကို ဆက်ကြေးပေးရမယ်ဆိုပြီးတော့ကို ခြိမ်းခြောက်တောင်းယမ်းနေတယ်လို့ မန္တလေးမြို့ မှာရှိတဲ့ကုန်စည်ဒိုင် နဲ့ ကုန်ပစ္စည်းဆိုင် တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကေင်စီ တပ်အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ၊ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ပါ အသည်းအသန်ခုခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article