27 C
Yangon

ရေတာရှည်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ် ၊ ၁၀ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

Must read

ရေတာရှည်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ် ၊ ၁၀ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး အသက် ၁၅ နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ကမ်း ဒိုးတန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးပွဲချင်းပြီးသေဆုံးကာ အသက် ၁၅ နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဝါဝါလင်းသည်ပွဲချင်းပြီး သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် အမည်မသိ ကလေးငယ်နှင့် အသက် ၅၂ နှစ်အရွယ် မကြည်ကြည်ဝင်းသည် ပြင်းထန်ဒဏ်ရာများဖြင့် နေပြည်တော် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာထဲမှာနေတာ ရွာအပြင်ဘက်ကို ရွာထဲကနေ ရမ်းပစ်တာ ရွာထဲနေတာဆိုတော့ ရွာထဲမှာ ပြည်သူတွေရှိတာပဲ ပြည်သူတွေကို ထိကုန်တာ အဲမှာ တစ်ယောက်သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး အမည်က ဝါဝါလင်းတဲ့ အသက် ၃၅ နှစ် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ပြင်းထန်ဒဏ်ရာရတယ်။ နေပြည်တော် ဆေးရုံမှ တက်နေတယ်။ ကုတင် ဘယ်လောက်လဲတော့ မသိဘူး။ ဒဏ်ရာရတဲ့ သူအမည်က မကြည်ကြည်ဝင်းတဲ့ အသက်က ၅၂ နှစ် သူ့သမီးလည်း ထိတယ်။ သူ့သမီးက အမည်တော့ မသိဘူး။ အသက်ကတော့ ၁၅ နှစ်တဲ့ ဘာထိတွေ့မှုမှ မဖြစ်ဘဲနဲ့ကို ပစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွားများကို အကြမ်ဖက် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်နှင့် ၈လ အရွယ်ကလေးငယ် ၁ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါ အဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆောထိမြို့နယ်အတွင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ကွင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ဦးချစ်ကိုဝိုင်း၊ အသက်၁၀ နှစ်အရွယ် မောင်သီဟထိုက်ပိုင်၊ အသက် ၁ နှစ် နှင့် ၈ လ အရွယ် မဆန်ရတီမေ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျောက်တံခါးမှနေ၍ သမင်အင်းကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ မအုန်းမြင့်၏ နေအိမ် ၁ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျောက်တံခါး၊ ခိုလိုကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ဒရုန်းဖြင့်ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေါင်းမို့ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ၇ လုံးပစ်ခတ်ခဲ့ရာ ဝမ်ချဲကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် သရက်ပင်မောင်နှမ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article