25 C
Yangon

ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာကို စစ်တပ်က ဝင်ရောက် တပ်စွဲပြီး အမျိုးသမီးများကို ကာအိန္ဒြပျက်ပြားအောင် ဆွဲခေါ်မှုများ လုပ်ဆောင်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာကို စစ်တပ်က ဝင်ရောက် တပ်စွဲပြီး အမျိုးသမီးများကို ကာအိန္ဒြပျက်ပြားအောင် ဆွဲခေါ်မှုများ လုပ်ဆောင်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် တပ်စွဲပြီး အမျိုးသမီးများကို ကာအိန္ဒြပျက်ပြားအောင် ဆွဲခေါ်မှုများ လုပ်ဆောင်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်မှ စတင်၍ ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၀ ကျော်က တပ်စွဲရန် ရောက်ရှိလာပြီးနောက် ညနေပိုင်းတွင် ရွာထဲရှိ အမျိုးသမီးများကို ကာအိန္ဒြပျက်ပြားအောင် ဆွဲခေါ်မှုများ လုပ်ဆောင်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာထဲရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာထဲ၌ အသက်အရွယ် ကြီးရင့်သော ပြည်သူများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

“ရွာထဲမှာ စစ်သား ၁၀၀ ကျော် စခန်းချထားတယ်။ ညနေပိုင်းမှာ ရွာထဲက မိန်းကလေးတွေကို ဆွဲလားရမ်းလားလုပ်လို့ အခုက ရွာထဲ ဘယ်သူမှ မနေရဲတော့ဘူး။ ထွက်ပြေးနေရပါတယ်။ မနက်က ငြိမ်ငြိမ်လေး ရွာထဲဝင်လာတာပါ။ နေ့လည်လောက်က စပြီးတော့ ဇာတိပြလာတာ ရွာကို ကာကွယ်ပေးဖို့ဆိုပြီးတော့ တပ်စွဲထားတာ ရွာက မြန်မာဘုန်းကြီးကျောင်းမှာ ရွာကို ထမင်းချက်ကျွေးဖို့ ဆိုပြီးပြောတယ်။ ပစ္စည်းတောင်မသည်နိုင်ဘူး အကုန်ပြေးကျရတာ သက်ကြီးပိုင်တွေတော့ ကျန်သေးတယ်။ ဘုန်းကြီးကျောင်းကို တပ်စွဲထားတယ်ဆိုပေမယ့် ရွာထဲလျှောက်သွား ထင်ရာမြင်ရာ လုပ်ချင်တာလုပ်နေတာ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထွက်နေစဉ် (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article