27 C
Yangon

ငါန်းဇွန်၊ သားကျင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၅ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးမြို့မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီး စက်လက်ဖြင့် လှည့်ပတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၇ နှစ်အရွယ် ဦးမောင်ဝင်း၊ အ သက် ၄၇ နှစ်အရွယ် ဦးမြလွင်၊ အသက် ၄၅ နှစ် အရွယ် ဒေါ်ကေသွယ်မော်၊ အသက် ၄၅ နှစ် အရွယ် ဒေါ်သွယ်သွယ်အေး နှင့် မစန္ဒာဝင်း တို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ တံတားဦးကနေတက်လာတဲ့ လေယာဉ်နဲ့ ၃ ချိန်ပစ်ခတ်သွားတာ ၂ ကြိမ်က ဗုံးကျဲပြီးနောက် စက်လက်နဲ့ တစ်ကြိမ်ဆွဲသွားတာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၃ လုံး ပျက်စီးတယ်။ လူတွေကတော့ ရှောင်နေကြရတယ်။ အဲဒီရွာကလည်း တံတားဦးနဲ့ နီးတော့ ပြန်တက်လာမှာကို ကြောက်နေကြတော့တာ ပြည်သူတွေကို တမင်သက်သက် တိုက်ခိုက်နေတာပါ။” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article