27 C
Yangon

လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံး၊ စက်ရုံနှင့်အဆောက်အအုံများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်ပတ် ဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၁ ဦးသေဆုံးပြီး စက်ရုံနှင့်အဆောက်အအုံများ ပျက်စီးကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်များက လားရှိုးမြို့၊ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ပေါက်ကွဲအားပြင်းထန်သော ဗုံး ၅ လုံးကျဲချခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးနင်းလာသူ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုကဲ့သို့လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးရှိနေပြီဖြစ်ပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ရက်ရက်စက်စက်ကျူးလွန်နေခြင်းဖြစ်ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article