27 C
Yangon

ဇီးကုန်းမြို့ မူးဆုံဂိတ်မှ စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူရှိ ဂွေးပင်တောရွာမှ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဇီးကုန်းမြို့ မူးဆုံဂိတ်မှ စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူရှိ ဂွေးပင်တောရွာမှ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း KBU တောလေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရေချိုးဆင်းနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ရေမျှောမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို KBU-တောလေးနှင့် ပူးပေါင်းညီနောင် အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force MDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာတွင် အထိုင်ချ တပ်စွဲနေသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၁ စီးဖြင့် ဗုံးသီး ၂၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ခွေးသေစာရင်းတော့ အတိအကျမသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိတယ်” ဟု Myaung Drone Force MDF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို M.D.F ဒရုန်းကျားခင်စိန်အဖွဲ့နှင့်အတူ- PEACOCK Drone Team-Myaung Sparrow Drone Strike စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ့ ၃ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၅ MRF LPDF ရဲဘော်ညီနောင် LPDF Hawk Guerrila force ၊ ရေနဂါးLPDF Monya မုံရွာခရိုင်ပကဖ စစ်ကိုင်းခရိုင် ထောက်ပို့တပ်ရင်းတို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article